မင်းလှ ဇွန် ၅
ပဲခူးတိုင်းဒေသကြီး၊ သယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ အမှတ်(၆) ရပ်ကွက်၊ တ/မြို့သစ်(၉)လမ်းရှိကရင်စာပေနှင့် ယဉ်ကျေးမှုကော်မ တီအတွင်းရေးမှုးနေအိမ်တွင် ခရိုင်အဆင့်စကောကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ အသစ်ပြန်လည် ဖွဲ့စည်းခြင်း ဆွေးနွေးပွဲကို ယနေ့နံနက် ၁၀ နာရီချိန်က ဆောင်ရွက်ခဲ့သည်။
ဆွေးနွေးပွဲတွင် ခရိုင်ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီဥက္ကဋ္ဌ စောသောင်းကြီးက အမှာစကားပြောကြားပြီး၊ မြို့နယ်ကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီ အတွင်းရေးမှူးစောရွှေသိန်းက နိုင်ငံရေးကင်းရှင်းပြီး ကရင် စာပေများကို ပြန့်ပွားအောင်ဆောင်ရွက်နိုင်ရေး ပြောကြားခဲ့သည်။
ကရင်သမိုင်းပြုစုရေးဆွဲသူ ဒေါက်တာနန်းလှိုင်နှင့် တာဝန်ခံ မန်းဆန်းဝင်းဦးတို့က ကရင်စာပေ သင်ရိုးပြုစုရေး ဆိုင်ရာ ကိစ္စရပ်များကိုပြောကြားခဲ့သည်။ သာယာဝတီခရိုင်အတွင်းရှိ (၈) မြို့နယ်မှ တတ်ရောက်လာသော ဥက္ကဋ္ဌ၊ အတွင်းရေးမှူး၊ အဖွဲ့ဝင်များက မြို့နယ် အလိုက်ဆွေးနွေးပြောကြားခဲ့သည်။ထို့နောက် သာယာဝတီခရိုင် အဆင့်စကောကရင်စာပေနှင့် ယဉ်ကျေးမှုကော်မတီအသစ်အား ပြန်လည် ရွေးချယ် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။
ပေါက်စ