ဘားအံ ဇွန် ၅
ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် ယမန်နေ့ နံနက် ၁၀ နာရီခန့်က သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန၊ ဘားအံဌာနခွဲ၊ ကရင်ပြည်နယ် ယဉ်ကျေးမှုပြတိုက်သို့ သွားရောက်၍ ခင်းကျင်းပြသထားသည့် ကရင်အမျိုသားတို့၏ ရိုးရာယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများအား လှည့်လည်ကြည့်ရှုခဲ့ကြသည်။
ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ကရင်ပြည်နယ်ယဉ်ကျေးမှုပြတိုက်ရှိ မြန်မာအစ မြန်မာက ပြကွက်၊ ကရင်တိုင်းရင်းသားမျိုးနွယ်စုပြကွက်၊ ကရင်အမျိုးသားခေါင်းဆောင်များနှင့် ထင်ရှားကျော်ကြားသည့် လူပုဂ္ဂိုလ် များ၊ ကရင်ရိုးရာအနုပညာပြခန်း၊ ကရင်စာပေပြခန်း၊ ရိုးရာဓလေ့ပြခန်း၊ ရိုးရာလုပ်ငန်းသုံးပစ္စည်းများပြခန်း၊ လက်မှုအနု ပညာပြခန်း၊ လဲယ်ကယ်နှင့်တာလကူးရိုးရာယုံကြည်မှုပြခန်း၊ ဆင်စွယ်ရတနာပြခန်းနှင့် ရှေးဟောင်းအမွေအနှစ်ပြခန်း တို့ကို လှည့်လည်ကြည့်ရှုခဲ့ကြရာ ရှေးဟောင်းသုတေသနနှင့်အမျိုးသားပြတိုက်ဦးစီးဌာန ဦးစီးအရာရှိ နော်ကြူကြူသန်း က သက်ဆိုင်ရာပြခန်းအလိုက် ခင်းကျင်းပြသထားသည့် ပစ္စည်းများအား ရှင်းလင်းတင်ပြခဲ့ပြီး ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌဦးစောမြင့်ဦးက ရိုးရာယဉ်ကျေးမှုအမွေအနှစ်ပစ္စည်းများကို စနစ်တကျထိန်းသိမ်းစောင့်ရှောက်သွားရန်၊ ပြခန်းအလိုက် အလင်းရောင်လုံလောက်စွာရရှိနှင့် Air con များတပ်ဆင်နိုင်ရေးအတွက် လာမည့်ဘဏ္ဍာနှစ်တွင် ဘတ်ဂျက်ရေး ဆွဲတင်ပြသွားရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရှိရသည်။
စောမျိုးမင်းသိန်