သီပေါ ဇွန် ၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ဆောင်ရွက် ပေးခဲ့သော နိုင်ငံသားစိစစ်ရေး ကတ်ပြားပေးအပ်ပွဲ အခမ်းအနားကို သီပေါမြို့နယ် အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမ၌ ယနေ့နံနက် ၁၀နာရီက ကျင်းပခဲ့သည်။
ရှေးဦးစွာ သီပေါမြို့နယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုးဝင်းက အဖွင့်အမှာစကား ပြောကြားခဲ့ပြီး ကျောက်မဲခရိုင်၊ အလုပ်သမားလူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ ခရိုင်ဦးစီးမှူး ရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးထိန်ဝင်းက ပန်းခင်းစီမံချက်ဖြင့်နိုင်ငံသား စိစစ်ရေးကတ်ပြားပြုလုပ် ဆောင်ရွက်ပေးရသည့် ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားရာတွင် လက်ရှိဇာတိဒေသတွင် အမြဲနေထိုင်၍ အိမ်ထောင်စု လူဦးရေစာရင်းရှိပြီး နိုင်ငံသားစိစစ်ရေး ကတ်ပြား ကိုင်ဆောင်လက်မှတ်မရှိသူများ၊ အိမ်ထောင်စု လူဦးရေစာရင်းမရှိသူများ၊ နိုင်ငံသား စိစစ်ရေး ကတ်ပြားမရှိသူများကို (၁၀နှစ်ပြည့်/၁၈နှစ်ပြည့်) ပြုလုပ်ပေးခြင်း ဖြစ်ပါကြောင်း ရှင်းလင်း ပြောကြားခဲ့သည်။
ထို့နောက် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကာ မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက နိုင်ငံသားစိစစ်ရေး ကတ်ပြားများကို ပြည်သူများထံသို့ ပေးအပ်ခဲ့ကြသည်။
အဆိုပါ အခမ်းအနားသို့ သီပေါမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအ သီးသီးမှ တာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ဒေသခံပြည်သူများ တက်ရောက် ခဲ့ကြကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)