ဂွ ဇွန် ၅
ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့နယ်တွင် အသက်(၈၅)နှစ်နှင့် အထက် သက်ကြီးဘိုးဘွားများ အား လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဒုတိယ သုံးလပတ်လူမှုရေး ပင်စင်ထောက်ပံ့ငွေကို ယနေ့ နံနက် ၁၀ နာရီက မြို့ပေါ် (၃)ရပ် ကွက်ရှိသက်ကြီး ဘိုးဘွားများ၏ လက်ဝယ်အရောက် သွားရောက် ထောက်ပံ့ ပေးအပ်ခဲ့ကြောင်း သိရှိရသည်။
ထို့သို့ ပေးအပ်ရာတွင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာနမှ ဦးစီးအရာရှိ၊ မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများက သက်ကြီး ဘိုးဘွား တစ်ဦးလျှင်ငွေကျပ် ၃၀၀၀၀နှုန်းဖြင့် မြို့ပေါ်(၃) ရပ်ကွက် အတွက် သက်ကြီးဘိုးဘွား ကျား(၂၈)ဦး၊ မ(၅၆)ဦး၊ စုစုပေါင်း(၈၄)ဦး အတွက်ငွေ ၂၅၂၀၀၀၀ကျပ် အား ဘိုးဘွားများ လက်ဝယ် အရောက် အသီးသီး ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ရွှေရည်ဝင်း