ရန်ကင်းမြို့နယ်၌ အစိုးရဓမ္မာစရိယစာမေးပွဲ ကျမ်းရင်းဓမ္မသင်္ဂဏီပါဠိအဋ္ဌကထာ(၁) ဘာသာရပ် အား ဖြေဆို

ရန်ကင်း ဇွန် ၅

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ ပရိယတ္တိသာသနာ ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ရန်ကင်းမြို့နယ်ရှိ သာသနာ့ဗိမာန်၌ ကျင်းပရာကျမ်း ရင်းဓမ္မသင်္ဂဏီပါဠိအဋ္ဌကထာ(၁)ဘာသာရပ်အား ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က ကျင်းပပြု လုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ကျင်းပပြုလုပ်ရာတွင် စာမေးပွဲဖြေဆိုသူစာရင်းရှိ သံဃာတော် အပါး(၂၀၂)ပါးရှိရာမှ ဝင်ရောက်ဖြေ ဆိုသူ သံဃာတော်(၁၂၁)ပါး၊ သီလရှင်စာရင်းရှိ(၅)ပါးရှိရာမှ ဝင်ရောက် ဖြေဆိုသူ (၅)ပါးရှိကြောင်း သိရသည်။

အဆိုပါ အစိုးရဓမ္မာစရိရ စာဖြေဌာနသို့ သာသနာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်း၊ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးနှင့် ယဉ်ကျေးမှုဦးစီးဌာန တိုင်းဦးစီးမှူး ဦးထွန်းမြင့်ဦး နှင့်အဖွဲ့၊ ရန်ကင်းမြို့နယ် ခေတ္တစီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ထွန်းနှင့် အဖွဲ့တို့ လိုက်ပါ၍ စာမေးပွဲ ဖြေဆိုနေသော သံဃာတော်များနှင့် သီလရှင်များအား လိုက်လံကြည့်ရှု အားပေးခဲ့သည်။

ထို့နောက် ဒုတိယဝန်ကြီးမှ စာဖြေဌာနမှ ကြီးကြပ်ရေး ဆရာတော်များထံ နဝကမလှူဒါန်းငွေ (၅)သိန်းအား လှူဒါန်းပေးအပ်ခဲ့ကြောင်း သိရသည်။

ရန်ကင်းမြို့နယ်၌ ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲများကို ၂၀၂၀ပြည့်နှစ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှုများကြောင့် ကျင်းပပြုလုပ်နိုင်ခြင်းမရှိခဲ့ရာမှ ယခုအခါ ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု လျော့နည်းလာသည့်အတွက် ပြန်လည်ကျင်းပခဲ့ရခြင်းဖြစ်ပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုနှင့် သာသနာရေး ဦးစီးဌာနတို့ ပူးပေါင်းကျင်းပခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

လှလှထွေး(ပြန်/ဆက်)