အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရခိုင်ပြည်နယ်၊ စစ်တွေခရိုင် ပေါက်တောမြို့နယ်တွင် မိုးရာသီကာလအတွင်း တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ဌာနဆိုင်ရာ ဝန်ထမ်းအဖွဲ့အစည်းများ၊ စက်ရုံ၊ အလုပ်ရုံများ၊ ဂေဟာများနှင့် သင်တန်းကျောင်းများအား ပန်းခင်းစီမံချက်ဖြင့် ဦးစားပေးဆောင်ရွက်ပေးရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ညှိနှိုင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြားကို ယမန်နေ့ နံနက် (၁၁) နာရီက မြို့နယ်အားကစားခန်းမတွင် စတင်ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ပြုလုပ်ဆောင်ရွက်ပေးခြင်းကို မြို့နယ်၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူး ဦးတင်အောင်ဖြိုးနှင့် ဌာနဝန်ထမ်းများက နိုင်ငံသားစိစစ်ရေးကတ်ပြား မရှိသည့် နိုင်ငံ့ဝန်ထမ်းများအား လိုအပ်သည်များကို ဖြည့်ဆည်းဆောင်ရွက်ကာ ပြုလုပ်ဆောင်ရွက်ပေးကြသည်။
ယင်းသို့ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ပေးခြင်းကို ဌာနအလိုက် ၅-၆-၂၀၂၁ ရက်နေ့မှ ၃၁-၇-၂၀၂၁ ရက်နေ့ထိ အပတ်စဉ် စနေနေ့တိုင်း ပြုလုပ်ဆောင်ရွက်ပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ကျော်သန်း