ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် ကြက်ခြေနီအသင်းမှ နေ့စဉ် ကျန်းမာရေးစောင့်ရှောက်မှုပေး

ရန်ကုန်  ဇွန်  ၆

ရန်ကုန်တိုင်းဒေသကြီး၊ ​အရှေ့ပိုင်းခရိုင်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ ပြည်သူများ ကျန်းမာရေးကောင်းမွန်စွာ နေထိုင်နိုင်ရန်ရည်ရွယ်၍ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်၊ ကြက်ခြေနီအသင်းမှ တာဝန်ရှိသူများက (၂၄)နာရီ လူနာတင်ယာဉ်ကား(၁)စီးဖြင့် နေ့စဉ် ကျန်းမာရေးစောင့်ရှောက်မှု ပေးလျက်ရှိကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ အမှတ်(၆၀)ကျူးရပ်ကွက်ကြီးတွင် နေထိုင်သူအမျိုးသမီးတစ်ဦးသည် အရေးပေါ်ကလေးမွေးဖွားရန်အတွက် အကူအညီတောင်းခံလာသဖြင့်  ယမန်နေ့ နံနက်ပိုင်းက ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ ဒုမြို့နယ်ကြက်ခြေနီတပ်ဖွဲ့မှူး ဦးစိန်ထွန်းအောင် နှင့် ကြက်ခြေနီ စေတနာ့လုပ်အားရှင်များက လူနာတင်ယာဉ်ဖြင့် ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၊ကြက်ခြေနီအသင်းမှ နေ့စဉ် ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ်ရှိ ပြည်သူများအတွက် ကြက်ခြေနီအထွေထွေရောဂါကု(အခမဲ့) ဆေးခန်းဖွင့်၍ ကျန်းမာရေး စောင့်ရှောက်မှုပေးလျက်ရှိကြောင်း သိရသည်။

စန္ဒာမိုး(ပြန်/ဆက်)