အုတ်ဖို ဇွန် ၆
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ် လက်ပတောကျေးရွာအုပ်စုတွင် ယမန်နေ့ ညနေ ၆ နာရီ အချိန်ခန့်ကလေပြင်းတိုက်ခတ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါ လေပြင်းတိုက်ခတ်မှုကြောင့် လက်ပတော ကျေးရွာ အုပ်စု၊ လယ်ဦးစု အနောက် ကျေးရွာတွင် ပြိုလဲနေအိမ်(၁)လုံး၊ သက္ကယ်ချင်းကုန်းကျေးရွာတွင် နေအိမ်(၁)လုံး အမိုးလန် ပျက်စီးခဲ့ပြီးလေပြင်းတိုက်ခတ်မှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်ပျက်ဆီးမှုမရှိကြောင်းနှင့် လေဘေးသင့် အိမ်ထောင်စု များ၏ နေထိုင်စားသောက်ရေးအတွက် မြို့နယ်သဘာဝ ဘေးအန္တရာယ် စီမံခန့်ခွဲမှုကော်မတီ၏ စီစဉ်မှုဖြင့် ရက်ကျေး စီမံအုပ်ချုပ်ရေး အဖွဲ့များ၊ ရပ်မိရပ်ဖများ၊ လူမှုရေး အသင်း အဖွဲ့များ၊ ဆွေမျိုးသားချင်းများက ကူညီဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)