မလှိုင်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းများအား တွေ့ဆုံရှင်းလင်းပွဲကျင်းပ

မလှိုင် ဇွန် ၆

မန္တလေးတိုင်းဒေသကြီး၊ မလှိုင်မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများအား မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အခြေအနေများကို သိရှိနိုင်ရန် ချပြရှင်းလင်းခြင်းကို ယမန်နေ့ ညနေပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည် ။

အဆိုပါ ရှင်းလင်းပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမင်းထက်က မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေး အခြေအနေ များနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ရှေ့လုပ်ငန်းစဉ် (၅)ရပ် ချမှတ်ပြီး အကောင်ထည်ဖေါ် ဆောင်ရွက်နေမှုများကို ဝန်ထမ်းများ သိရှိအောင် ချပြရှင်းလင်း ဆွေးနွေးခဲ့သည် ။

အသိပေး ရှင်းလင်းပွဲသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကျော်လွင်နှင့် မြို့ပေါ်ရုံးဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာ အုပ်စု(၅၆)အုပ်စုမှ စာရေးဝန်ထမ်းများ တက်ရောက်ခဲ့ ကြောင်း သိရသည်။

အောင်ဌေး (မလှိုင်)