ရခိုင်ပြည်နယ် မောင်တောမြို့၌ မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ ကြေးပေးအပ်

မောင်တော ဇွန် ၆

ရခိုင်ပြည်နယ် မောင်တောမြို့၌ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဝန်ထမ်းသားသမီးများအား ပညာသင်ထောက်ပံ့ကြေးပေး အပ်ပွဲနှင့် မိသားစုစည်းရုံးရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီမှ ထောက်ပံ့ပေးအပ်ပွဲကို ယနေ့ နံနက် ၉ နာရီအချိန်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွန်ကြားချက်များနှင့်အညီ မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင်မှ ပညာသင်ထောက်ပံ့ကြေး ပေးအပ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားပြီး မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရှိ ဝန်ထမ်း၊ သားသမီးများ အတွက် တက္ကသိုလ် အဆင့် ကျောင်းသား/သူ (၁၅)ဦးအတွက် တစ်ဦးလျှင် တစ်သောင်းငါးထောင်၊ အထက်တန်းအဆင့် ကျောင်းသား/သူ (၁၆)ဦး အတွက် တစ်ဦးလျှင် တစ်သောင်းနှစ်ထောင်၊ အလယ်တန်းအဆင့် ကျောင်းသား/သူ (၁၇)ဦးအတွက် တစ်သောင်း၊ မူလတန်းအဆင့် ကျောင်းသား/ သူ (၂၉) ဦး အတွက် တစ်ဦးလျှင် ခုနစ်ထောင် ကျပ်နှုန်းဖြင့် ကျောင်းသား/သူ စုစုပေါင်း (၇၇) ဦး အတွက် ငွေ (ခုနှစ်သိန်း ကိုးသောင်းကျပ်တိတိ/-)ကို မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကံထွန်းအောင်၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်း ထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌ ဒေါ်ကေသီလှိုင်နှင့် တာဝန်ရှိသူများက ဝန်ထမ်းသားသမီးများအား အသီးသီးထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး