သန်လျင်မြို့နယ် ဖားကူးအရှေ့ကျေးရွာ၌ အခြေခံအပ်ချုပ်စက်သင်တန်းဆင်းပွဲ ကျင်းပ

ရန်ကုန် ဇွန် ၆

ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်း တိုးတက်စေရန်ရည်ရွယ်၍ ရန်ကုန်တိုင်းသေကြီး၊ တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် ဖားကူးအရှေ့ကျေးရွာတွင် သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော အခြေခံ အပ်ချုပ်စက်သင်တန်းဆင်းပွဲကို ယမန်နေ့ နံနက် ၉ နာရီက အဆိုပါကျေးရွာ၌ ကျင်းပခဲ့သည်။

သင်တန်းဆင်းပွဲတွင် ရန်ကုန်တာင်ပိုင်းခရိုင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူက ကျေးလက်နေကပြည်သူများ အမှန်တကယ် လိုအပ်ချက်များနှင့် အလုပ်အကိုင်အခွင့်အလမ်းများတိုးတက်စေရန်ရည်ရွယ်၍ သင်တန်းများ ဖွင့်လှစ် သင်ကြားပေးနေမှုများ၊ ကျေးလက်နေပြည်သူများ လူမှုစီးပွားတိုးတက်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ သောက်သုံးရေ ရေကောင်းရေသန့်ရရှိရေးနှင့် ကျေးလက်ဒေသ သန့်ရှင်းသာယာလှပရေးလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုများအား ရှင်းလင်းပြောကြားသည်။

ထို့နောက် ရန်ကုန်တောင်ပိုင်းခရိုင် ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူ၊ သန်လျင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက အခြေခံအပ်ချုပ်စက်သင်တန်းတွင် ဆုရရှိသူများအား  ဆုများ ချီးမြှင့်ပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းသို့ ရန်ကုန်တောင်ပိုင်းခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး၊ သန်လျင်မြို့နယ်ကျေးလက်ဒေသ​ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းချိုနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရပ်မိရပ်ဖများ၊ သင်တန်းနည်းပြ ဆရာမများ၊ သင်တန်းသူများတက်ရောက်ကြပြီး သင်တန်းကာလမှာ ဧပြီ ၂၂ ရက်မှ ဇွန် ၅ ရက်နေ့အထိ ၄၅ ရက်ကြာသင်တန်းဖြစ်ကာ သင်တန်းသူ ၂၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်