ရန်ကင်းမြို့နယ်၌ အစိုးရဓမ္မာစရိယစာမေးပွဲ ဆက်လက်ကျင်းပ

ရန်ကင်း ဇွန် ၆

ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ရန်ကင်းမြို့နယ်၌ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ရန်ကင်းမြို့နယ်ရှိ သာသနာ့ဗိမာန်၌ ကျင်းပရာ ကျမ်းရင်းဓမ္မသင်္ဂဏီပါဠိအဋ္ဌကထာ(၂) ဘာသာရပ် အား ယနေ့ မွန်းတည့် ၁၂ နာရီအချိန်ကကျင်းပ ပြုလုပ်ခဲ့ ကြောင်း သိရသည်။

ထိုသို့ ကျင်းပပြုလုပ်ရာတွင် စာမေးပွဲဖြေဆိုသူ စာရင်းရှိ သံဃာတော် အပါး (၂၀၂)ပါး ရှိရာမှ ဝင်ရောက်ဖြေ ဆိုသူ သံဃာတော် (၁၂၀) ပါး၊ သီလရှင်စာရင်းရှိ (၅)ပါးရှိရာမှ ဝင်ရောက်ဖြေဆိုသူ(၅)ပါးရှိကြောင်း သိရသည်။

ရန်ကင်းမြို့နယ်၌ ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲများကို ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားနေမှုများကြောင့် ကျင်းပပြုလုပ်နိုင်ခြင်း မရှိခဲ့ရာမှ ယခုအခါ ကိုဗစ်- ၁၉ ရောဂါကူးစက်ပြန့် ပွားမှုလျော့နည်းလာသည့် အတွက် ပြန်လည်ကျင်းပခဲ့ရခြင်း ဖြစ်ပြီး ပရိယတ္တိသာသနာ ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ ယခုလိုစာမေးပွဲများ ကျင်းပပြုလုပ် ပေးရခြင်းဖြစ်ကြောင်း အစိုးရဓမ္မာစရိယစာ မေးပွဲကို ဇွန်(၁) ရက်မှ ဇွန်(၆) ရက်နေ့အထိ ကျင်းပပြုလုပ်ပြီး ပါဠိပထမပြန်စာမေးပွဲကို ဇွန်(၇)ရက်မှ (၁၃)ရက်နေ့အထိ ကျင်းပပြုလုပ်ပေး သွားမည်ဖြစ်ကြောင်းနှင့် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၏ လမ်းညွှန်မှုနှင့် သာသနာရေး ဦးစီးဌာနတို့ ပူးပေါင်းကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

လှလှထွေး