ညောင်ဦး ဇွန် ၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အနောက် ပုလင်း ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင် စခန်းပိတ် ထားစဉ် ကာလအတွင်း မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက Online မှတဆင့် ဆင်စာဘူဖေး ကျွေးမှုများပြားလာကြောင်း သစ်အုပ်ကြီး ဒေါ်နိုင်းနိုင်းဧရာထံကသိ ရသည်။
သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းက ဖွင့်လှစ် ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းအား ကိုဗစ်-၁၉ ကူးစက်ရောဂါကြိုတင် ကာကွယ်သည့် အနေဖြင့် ၂၀၂၀ပြည့်နှစ် မတ်လ ၂၅ ရက်နေ့မှစတင်ကာ ခေတ္တယာယီ ပိတ်ထားခဲ့ရာ မြန်မာပြည် အရပ်ရပ်ရှိ ဆင်ချစ်သူများက Online မှတဆင့်ဆင်စာဘူဖေး ကျွေးမွေးလှူ ဒါန်းလျက်ရှိရာ ကိုဗစ်-၁၉ ကူးစက်ရောဂါကြောင့် ဆင်စခန်းပိတ်ထားသည့် ကာလအတွင်း ဆင်စာဘူဖေးကျွေးသူများပြားလာကာ (၁၈၅)ကြိမ်ကျော်ထိ ဆင်စာဘူ ဖေးကျွးမှုများပြားလာ ပြီးနောက်ထပ်ကျွေးမွေးဖို့ Online မှလည်း ကြိုတင်ချိတ်ဆက် မှုများလည်းရှိနေသေးကြောင်း ဆင်စခန်းတာဝန်ခံ ဦးမျိုးမင်းကိုထံက သိရသည်။
မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့်ပြည်နယ်များတွင် ဆင်စခန်း(၂၂)ခုထိဖွင့်လှစ်ထားရှိ ထားပြီး ဆင်စာ ဘူဖေး ကျွေးမွေး လှူဒါန်းလိုပါက ဆင်စခန်းအမည်များနှင့်Page များတွင် ဆက်သွယ်လှူဒါန်း နိုင်ကြောင်း ၊ဆင်စာအဖြစ် ကြံ၊ နေပီယာမြက်၊ငှက်ပျောသီး၊ ဖရုံသီး၊ ဖရဲ သီး၊ သခွားသီး၊သရက်သီး၊ အုန်းသီး၊ ပြောင်းဖူးများကို အဓိကကျွေးကြကာ ရာသီပေါ်သီနှံများ အားကျွေးမွေးကြပြီး ဆင်စာဘူဖေး တစ်ခါကျွေးလျှင် သုံးသောင်းကျပ်မှ ငါးသောင်းကျပ်ထိ လှူဒါန်းကြကာ တနေ့စာ ဆင်ခုနှစ် ကောင်အတွက် တစ်သိန်းကျပ်လှူဒါန်းနိုင်ကြောင်းသိရ သည်။
ပလင်းကမ်းသာယာဆင်စခန်းဆင်စခန်းသို့ မလာရောက်နိုင်ပါက ဆင်စခန်းPage များမှတဆင့် ဆက်သွယ် လှူဒါန်းနိုင်ကြောင်း ပလင်း ကမ်းသာယာဆင်းစခန်း တာဝန်ခံ လက်ထောက်မန်နေဂျာ ဦးမျိုးမင်းကို ဖုံး(၇၉၃၈၂၀၅၃၂) သို့ဆက်သွယ်လှူဒါန်း နိုင်ကြာင်းသိရကာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအတွင်း ဆင်စာ ဘူဖေးကျွးမှု (၁၈၅)ကြိမ်ကျော်ခဲ့ပြီဖြစ်ကြောင်း မြို့အခြေပြုခရီးသွား လုပ်ငန်း ဖွံ့ဖြိုးမှုအတွက် ဖွင့်လှစ်သည့် ဆင်စခန်းများ ကိုဗစ်-၁၉ကာလ ဆင်စာခက်ခဲလျှက်ရှိကာ တောတောင်၊ရေမြေသဘာဝ အခြေခံဖွင့်လှစ်ထားသည့် ဆင်စခန်းများရှိဆင်များအတွက် အစာရေစာ မခက်ခဲကြောင်းလည်း ပလင်းကမ်းသာယာဆင်စခန်းမှ သစ်အုပ်ကြီး ဒေါ်နိုင်းနိုင်းဧရာ ကရှင်းပြ၍သိ ရကာ ၂၀၂၁ ခုနှစ်၊ မေလ ၂၅ရက်နေ့မှစတင်၍ ပလင်းကမ်းသာယာဆင်စခန်းပြန်လည်ဖွင့် လှစ်ခဲ့ပြီဖြစ် ကြောင်းသိရသည်။
ကိုထိန်၊KPD