ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်တွင် ဓမ္မာစရိယနှင့် ပါဠိပထမပြန် စာမေးပွဲဖြေဆိုနေကြသော စာဖြေ သံဃာတော်များအား ကျန်းမာရေးစောင့်ရှောက်မှုများပေးလျက်ရှိ

ရန်ကုန် ဇွန် ၇ ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ ဒဂုံမြိုသစ် (ဆိပ်ကမ်း) မြို့နယ်၊ အမှတ်(၉၃)ရပ်ကွက်၊ အောင်သုခစာသင်တိုက်တွင် ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲ ဖြေဆိုနေကြသော စာဖြေ သံဃာတော်များအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မဖြစ်ပေါ်စေရေး ကျန်းမာရေးစောင့်ရှောက်မှု များကို ဇွန်လ ၁ ရက်နေ့၊ နံနက်ပိုင်းမှ စတင်၍ မြို့နယ်ကြက်ခြေနီအသင်းနှင့် မြို့နယ်ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်း၍ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိကြောင်း သိရသည်။ ရှေးဦးစွာ စာမေးပွဲဖြေဆိုရန် လာရောက်ကြသော စာဖြေသံဃာတော်များအား အပူချိန်တိုင်းတာပေး ခြင်း၊ နှာခေါင်းစည်း (Mask) များ အခမဲ့ဖြန့်ဝေပေးခြင်း၊ မျက်နှာအကာ (Face shield) များ အခမဲ့ ဖြန့်ဝေပေးခြင်းနှင့် လက်သန့်ဆေးရည်များ ထားရှိဆောင်ရွက်ပေးထားကြောင်း သိရသည်။ ထို့အပြင် စာဖြေသံဃာတော်များ စိတ်အေးချမ်းသာစွာ ဖြေဆိုနိုင်ရေးအတွက်လည်း စီစဉ်ဆောင်ရွက် ပေးထားကြောင်း သိရသည်။ ထို့သို့ ဆောင်ရွက်ပေးမှုများကို ဇွန်လ (၁) ရက်နေ့မှ ဇွန်လ (၁၃) ရက်နေ့ အထိ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးသွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။ စန္ဒာမိုး(ပြန်/ဆက်)