ဆော ဇွန် ၇
အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊မကွေးတိုင်းဒေသကြီး၊ ဆော မြို့နယ်ဦးစီးမှူးရုံးမှ မြို့နယ် ဦးစီးမှူး ဦးတင်ကိုကိုဝင်းနှင့် ဝန်ထမ်းများသည် ယမန်နေ့က ပန်းခင်းစီမံချက်အရ ဆောမြို့ သီရိရပ်ကွက်နှင့် ဇေယျာရပ်ကွက် အတွင်းရှိ ပြည်သူများအတွက် သီရိရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် အခြေပြု၍ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု စာရင်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါနေ့တွင် ဆောမြို့ မြို့ပေါ်ရပ်ကွက်(၂)ရပ်ကွက်အတွင်းမှ ပြည်သူ(၅၀)ဦးအတွက် နိုင်ငံ သားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးခြင်း၊အိမ်ထောင်စုစာရင်း ပျောက်ဆုံး ပျက်စီးနေသည့် အိမ်ထောင်စု(၉)စုအတွက် အိမ်ထောင်စုစာရင်းများ ထုတ်ပေး ခြင်းတို့ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဆောမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးအနေဖြင့် ပန်းခင်းစီမံချက်စတင်သည့် မေ ၃ ရက်နေ့မှစ၍ ယနေ့အထိ ဆောမြို့နယ်အတွင်းရှိ ပြည်သူ(၁၁၉)ဦးအတွက် နိုင်ငံသားစီစစ်ရေးကတ်ပြားများကို လည်းကောင်း၊ အိမ်ထောင်စု(၄၄) စုအတွက် အိမ်ထောင်စုစာရင်းများကိုလည်ကောင်း ဆောင်ရွက်ပေးနိုင်ခဲ့ပြီး ကျန်ရှိနေသေးသည့် ရပ်ကွက်/ ကျေးရွာများကိုလည်း ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးတင်ကိုကိုဝင်းထံမှ သိရသည်။
ကိုဇော်ကြီး(ဆော)