မြို့သစ်မြို့ မြို့မအလယ်တန်းကျောင်းခွဲ(၉၀'×၃၀')RCC(၂)ထပ် ကျောင်းဆောင် သစ်ဆောက်လုပ်

မြို့သစ် ဇွန် ၇ မကွေးတိုင်းဒေသကြီး ၊ မြို့သစ်မြို့နယ်၌ စာသင်ကျောင်းသား ၊ ကျောင်းသူများ စိတ်ချမ်းမြေ့ စွာပညာသင်ကြားနိုင်စေရန်အတွက် မြို့သစ်မြို့ မြို့မအလယ်တန်းကျောင်းခွဲ ကျောင်းမြေနေရာတွင် (၉၀'×၃၀')RCC(၂) ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။ မြို့သစ်မြို့ မြို့မအလယ်တန်းကျောင်းခွဲ(၉၀'×၃၀') RCC(၂)ထပ်ကျောင်းဆောင်သစ်အလျား ၉၀× အနံ၃၀ တည်ဆောက်ခြင်းကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ခွင့်ပြုငွေ ကျပ် ( ၁၃၃ဒသမ၃၈ )သန်းဖြင့် တင်ဒါအောင်မြင်သော ခင်ဇော်တိုးကုမ္ပဏီက တာဝန်ယူဆောင်ရွက် ကြောင်းသိရသည်။ အဆိုပါ မြို့သစ်မြို့ မြို့မအလယ်တန်းကျောင်းခွဲ (၉၀'×၃၀')RCC (၂)ထပ်ကျောင်းဆောင်သစ် ဆောက်လုပ်ခြင်းကို စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်းပြီးစီးရေးကို မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ ၊ မြို့နယ်အရည်အသွေးစစ်ကော်မတီ၊ ပညာရေးဦးစီးဌာနနှင့် တာဝန်ရှိသူတို့က ကြီးကြပ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ သန်းဝင်းထွန်း