ခမောက်ကြီး ဇွန် ၇
ထိုင်းနိုင်ငံမှ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ရောက်ရှိလာသည့် နေရပ်ပြန် ပြည်သူ(၇၄) ဦးသည် ဇွန်လ( ၅)ရက်နေ့ ညနေပိုင်းက ကော့သောင်းမြို့ ဆိပ်ကမ်းသို့ ရောက်ရှိလာပြီး နေရပ်ပြန်အမျိုးသမီး (၁၂)ဦးအား ခမောက်ကြီးမြို့ Quarantine Center ၌ စောင့်ကြည့်ထားရှိခဲ့ကြပြီး ယမန်နေ့ နံနက်ပိုင်း က ကော့သောင်းမြို့နယ်မှူးနှင့် အဖွဲ့တို့က လာရောက်ကြည့်ရှုခဲ့ကြသည်။
သို့ဖြစ်ပါ၍ ကော့သောင်းမြို့နယ်မှူးက ခမောက်ကြီးမြို့၊ Quarantine Center ၌ နေထိုင်လျက်ရှိသော နေရပ်ပြန်ပြည်သူများအား Quarantine ဝင်စဉ်ကာလအတွင်း သတ်မှတ်ထားသော စည်းကမ်းများနှင့် အညီ နေထိုင်ရန် ပြောကြားခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့သည်။ အဆိုပါနေရပ်ပြန် ပြည်သူများ အား ခမောက်ကြီးမြို့ရှိ ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့များ၊ ပရဟိလူငယ်များမှ လုံခြုံရေးကိစ္စများနှင့် လိုအပ်သည်များကို ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။
ခမောက်ကြီး (ပြန်/ဆက်)