ကျွန်းစု ဇွန် ၇
တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် တနင်္သာရီရေတပ်စခန်းဌာနချုပ်က ဦးစီး၍ မြို့နယ် အတွင်း Covid 19 ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေးအတွက် ယမန်နေ့ နံနက်ပိုင်းက စာသင် ကျောင်းများ၌ Chlorine ပိုးသတ်များ ပက်ဖျန်းခဲ့ကြောင်း သိရသည်။
ပက်ဖျန်းရာတွင် တနင်္သာရီ ရေတပ်စခန်းဌာနချုပ်မှ ဗိုလ်မှူးချစ်ဝမ်း ခေါင်းဆောင်သော ဆေးတပ်ဖွဲ့ဝင်(၅)ဦးတို့သည် အမက ကမ်းဇော်တော ကျောင်းဝင်းအတွင်းနှင့် စာသင်ဆောင်များ၊ (Covid ရောဂါ ကူးစက်ခံရသည့် မိသားစုနေအိမ်)နှင့် ပတ်ဝန်းကျင်များ၊ အထက ကျွန်းစု ကျောင်းဝင်းအတွင်းနှင့် စာသင်ဆောင်များအား Chlorine ပိုးသတ်ဆေးများ လိုက်လံပက်ဖျန်းခဲ့ကြ ကြောင်း သိရသည်။
ကျွန်းစု(ပြန်/ဆက်)