တနင်္သာရီမြို့နယ်၊ တကူတိုက်နယ်ဆေးရုံတွင် ပထမဦးဆုံး (COVID-19) ရောဂါပိုးတွေ့ရှိသူ အမျိုးသမီးနှင့် မိခင်အား ဆေးရုံမှဆင်းခွင့်ပြု

တနင်္သာရီ ဇွန် ၇
 
တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ် တကူ(စံပြ)တိုက်နယ်ဆေးရုံတွင် မေလ(၂၃)ရက်နေ့က အနံ့ပျောက်ပြီး ဆေးရုံတက်နေစဉ် မေလ၂၅ရက်က RDT- Test Kit ဖြင့် ရောဂါပိုး ရှိ/မရှိ စစ်ဆေးရာမှာ ပထမဦးဆုံးCOVID-19 ရောဂါပိုး အတည်ပြုတွေ့ရှိသူ တကူကျေးရွာအုပ်စု၊ အင်းရှည်ကုန်းကျေးရွာမှ အသက်(၁၇)နှစ်အရွယ် အမျိုးသမီးတစ်ဦးအား (Facility Quarantine) အသွားအလာ ကန့်သတ်၍ ဇီဝိတဒါနသံဃာ့ဆေးရုံအတွင်း ကျန်းမာရေး စောင့်ကြပ်ကြည့်ရှုပေးလျက်ရှိရာ ဇွန်လ၆ရက်နေ့တွင် (၁၄)ရက်ပြည့်ပြီး ကျန်းမာရေး ကောင်းမွန်လျက်ရှိသဖြင့် မွန်းလွဲ ၂နာရီအချိန်က ဆေးရုံမှ နေအိမ်သို့ ပြန်လည်ဆင်းခွင့်ပြုလိုက်ကြောင်း၊ အလားတူ ၎င်းပိုးတွေ့သူ အမျိုသမီးနှင့် ထိစပ်ပြီး ကိုဗစ်ရောဂါပိုး (မတွေ့ရှိ)သူ (ဆေးရုံတွင်လူနာစောင့်) မိခင်ဖြစ်သူဒေါ်စန်းအား အသွားအလာကန့်သတ်၍ သီးခြားဆောင်အတွင်း (Facility Quarantine) ထားရှိသူကိုလည်း ကျန်းမာရေး ကောင်းမွန်နေသဖြင့် သမီးဖြစ်သူနှင့်အတူ ဆေးရုံမှဆင်းခွင့်ပြုလိုက်ကြောင်းနှင့် ယနေ့တွင် ဆေးရုံမှ ဆင်းခွင့်ပြုသူ(၂)ဦး စလုံးကို အင်းရှည်ကုန်းကျေးရွာရှိ ၎င်းတို့၏နေအိမ်တွင် အသွားအလာကန့်သတ်၍ (Home Quarantine) အဖြစ် (၇)ရက် ဆက်လက်ထားရှိပြီး ကျန်မာရေး စောင့်ကြပ်ပေးသွားမည်ဖြစ်ကြောင်း တကူ(စံပြ)တိုက်နယ်ဆေးရုံ တာဝန်ခံ ဒေါက်တာဖြိုးမြင့်ကြည်ထံက သိရသည်။
 
နန်းသာရီ-ထိန်ဝင်း(ပြန်ဆက်)