သက်ကြီးဘိုးဘွား ၉၅၇ ဦးအား လူမှုရေးပင်စင် ၂၈၇ သိန်းကျော် ထောက်ပံ့ပေးအပ်

ကျောင်းကုန်း ဇွန် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကျောင်းကုန်းမြို့နယ်တွင် အသက် (၈၅)နှစ်နှင့်အထက် သက်ကြီး ဘိုးဘွားများအား လူမှု ဝန်ထမ်း ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ဇန်နဝါရီလ၊ ဖေဖော်ဝါရီလ နှင့် မတ်လ ဒုတိယသုံးလပတ်အတွက် လူမှုရေးပင်စင် ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၁၀ နာရီက အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနရုံး အေးချမ်းသာယာခန်းမ၌ ကျင်းပ ပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးစိုးဝင်း က နိုင်ငံတော်မှ ထောက်ပံ့ပေးနေမှုအပေါ် ရပ်ကွက်ကျေးရွာရှိ သက်ကြီးဘိုးဘွားများလက်ဝယ်အရောက် ပို့ပေးစေချင်ကြောင်းပြောကြားခဲ့ပြီး မြို့နယ် လူမှုဝန်ထမ်း ဦးစီးဌာန မှ ဒုတိယဦးစီးမှူး ဒေါ်သက်ထားဦးက လူမှုရေး ပင်စင်ပေးအပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး သက်ကြီး ဘိုးဘွား တစ်ဦးလျှင်ငွေကျပ် ၃၀၀၀၀ နှုန်းဖြင့် မြို့ပေါ်(၅) ရပ်ကွက်ကျေးရွာ(၆၅) အုပ်စုတို့မှ သက်ကြီးဘိုးဘွား ၉၅၇ ဦး အတွက် ငွေ ကျပ် ၂၈၇ သိန်းကျော်အား ‌ရပ်/ကျေးအုပ်ချုပ်ရေးမှူးတို့ထံ ပေးအပ်ခဲ့ကြောင်းသိရသည်။
ဝင်းကြိုင်