နောင်ချိုမြို့၌ အသက်တစ်နှစ်ခွဲအောက် ကလေးများအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်း၊ ပိုလီယိုကာကွယ်ဆေး တိုက်ကျွေးခြင်းဆောင်ရွက်

နောင်ချို ဇွန် ၇

ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့၌ အသက်တစ်နှစ်ခွဲအောက် ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ပိုလီယိုကာကွယ်ဆေးအစက်ချဆေး တိုက်ကျွေးခြင်း၊ ပေါင်ချိန်ခြင်းများကို ယနေ့ နံနက်ပိုင်းက နောင်ချိုမြို့ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ နှာခေါင်းစည်း (Mask)များ တပ်ဆင်စေကာ ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ပိုလီယိုကာကွယ်ဆေးအစက်ချ တိုက်ကျွေးခြင်း၊ ဝမ်းပျက်၊ ဝမ်းလျှော ရောဂါကာကွယ်ဆေး တိုက်ကျွေးခြင်းများကို ပြည်သူ့ကျန်းမာရေးဌာနမှကျန်းမာရေး ဝန်ထမ်းများက ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် လစဉ်ပုံမှန်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ထွေးငယ် (ပြန်/ဆက်)