တာလေ ဇွန် ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ တာလေမြို့ တိုက်နယ်ပြည်သူ့ကျန်းမာရေးဌာန ၌ အသက်တစ်နှစ်ခွဲ အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးခြင်း၊ ပိုလီယိုကာကွယ်ဆေးနှင့် ပိုလီယိုအစက်ချကာကွယ်ဆေးတိုက်ကျွေးခြင်းများကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။
တာလေမြို့တွင် ကာကွယ်ဆေးထိုးနှံခြင်းကို မြို့ပေါ်ရပ်ကွက်များအတွင်းရှိ အသက် တစ်နှစ် ခွဲအောက် ကလေးငယ်(၅၇) ဦးကို bcg ကာကွယ်ဆေး၊ rota ပြင်းထန်ဝမ်းပျက်ဝမ်းလျှော၊ penta ပြင်းထန်အဆုတ်ရောင်၊ pcv ဆုံဆို့-ကြက်ညှာ-မေးခိုင်- အသည်းရောင်အသားဝါ (ဘီ)-ဦးနှောက်အမှေးရောင်(ငါးမျိုးစပ်ကာကွယ်ဆေး)၊ဂျပန်ဦးနှောက်ရောင်နှင့် ဝက်သက်- ဂျိုက်သိုးကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေးနှင့် opv ပိုလီယို အစက်ချကာကွယ်ဆေး
တိုက်ကျွေးခြင်းများ ဆောင်ရွက်ကြသည်။
“ကလေးငယ်များအား ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသည့် ကလေးမိခင်များကို ကျန်းမာရေးဝန်ကြီးဌာန၏ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး ညွှန်ကြားချက်များနှင့် အညီ နှာခေါင်းစည်း(Mask) ကိုစနစ်တကျ တပ်ဆင်စေပြီး ကလေးငယ်များကိုကာကွယ် ဆေးထိုးခြင်း၊ပိုလီယိုကာကွယ်ဆေးထိုးခြင်း၊အစက်ချကာကွယ်ဆေး တိုက်ကျွေးခြင်းများကို
နယ်မြေခံတပ်ရင်းတပ်ဖွဲ့များမှ ကျန်းမာရေးဝန်ထမ်းများနှင့် တာလေတိုက်နယ်ပြည်သူ့ ကျန်းမာရေးဌာန ဝန်ထမ်းများက ပူးပေါင်းပါဝင်မှုဖြင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း တွေ ဆောင်ရွက်ပေးခြင်း ဖြစ်ပါတယ်”ဟုတိုက်နယ်ပြည်သူ့ကျန်းမာရေးဌာနမှ အမျိုးသမီး ကျန်းမာရေးဆရာမ ဒေါ်နန်းစိန်ဦးက ပြောသည်။
တာလေ ( ပြန်/ဆက် )