ကချင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လူသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲကျင်းပ

မြစ်ကြီးနား      ဇွန်  ၇

ကချင်ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း (၅/၂၀၂၁) အား မြစ်ကြီးနားမြို့၊ ပြည်နယ်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနရုံး၌ ယနေ့နံနက် (၉)နာရီခွဲက စတင်ဖွင့်လှစ်ခဲ့သည်။

လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်းအား ဒေသခံပြည်သူများနှင့် IDPs စခန်းများမှ  သင်တန်းဖွင့်ရန် တောင်းဆိုမှုများ ကြောင့် ကိုဗစ်စည်းကမ်းချက်များနှင့်အညီ ပြည်လည်ဖွင့်လှစ်ရခြင်းဖြစ်ကြောင်းနှင့် အဆိုပါ သင်တန်းတွင်  လက်သန့် ဆေးရည်၊ ပန်းကန်ဆေးဆပ်ပြာရည်၊ အဝတ်လျှော် ဆပ်ပြာရည်၊ရေချိုးဆပ်ပြာရည်၊ ခေါင်းလျှော် ရည်နှင့် ဆပ်ပြာခဲ အမျိုးမျိုး သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း ပြည်နယ်အသေးစားစက်မှု လက်မှုလုပ်ငန်း ဦးစီးဌာနရုံးမှ သိရှိရသည်။

အဆိုပါသင်တန်းအား မန်ခိန်ကျေးရွာနှင့် မိုင်းနားကျေးရွာမှ သင်တန်းသူ/သား (၂၀)ဦး တက်ရောက်နေပြီး ဇွန် (၇)ရက် နေ့မှ ဇွန်(၁၁)ရက်နေ့ထိ (၅)ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်းနှင့် ဝန်ထမ်းများအတွက် ရည်ရွယ်၍လည်း အားလပ်ရက်များဖြစ်သည့် စနေနှင့် တနင်္ဂနွေနေ့များတွင်လည်း လူသုံးကုန် ထုတ်လုပ်မှုနည်းပညာနှင့် စားသုံးကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းများ ဖွင့်လှစ်ပေးသွားမည်ဖြစ်ကြောင်း ပြည်နယ်အသေးစားစက်မှု လက်မှု လုပ်ငန်းဦးစီး ဌာနရုံးမှ သိရသည်။