ရွှေသောင်ယံမြို့တွင် စာသင်ကျောင်းများ၌ လုံခြုံရေးအခြေအနေများနှင့် စာသင်ကြားမှု အခြေအနေများ လိုက်လံစစ်ဆေးဆောင်ရွက်

ရွှေသောင်ယံ ဇွန် ၇
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့တွင် ယနေ့နံနက် ၉ နာရီက ရွှေသောင်ယံမြို့ နှင့်ကျေးရွာအုပ်စုများရှိ အခြေခံ ပညာအထက်တန်း ကျောင်းများ၌ ကျောင်းလုံခြုံရေးအခြေအနေများ ၊ စာသင်ကြားမှုအခြေအနေများကို ရွှေသောင်ယံမြို့ အုပ်ချုပ်ရေးမှူး နှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများ ကလိုက်လံစစ်ဆေးဆောင်ရွက်ခဲ့ကြသည်။
ထို့သို့ဆောင်ရွက်ရာတွင် ရွှေသောင်ယံမြို့ အုပ်ချုပ်ရေးမှူး ဦးဆိုင်းနော်နော်နှင့်ဝန်ထမ်းများ၊ ရွှေသောင်ယံနယ်မြေခံတပ်ရင်းမှ ဗိုလ်ကြီးအေးထွဋ်၊ ရွှေသောင်ယံနယ်မြေရဲစခန်းမှ ရဲအုပ်ကျော် ကျော်သက်၊ ရွှေသောင်ယံမြို့ဌာနဆိုင်ရာများ ပါဝင်သောအဖွဲ့တို့မှ ရွှေသောင်ယံမြို့နှင့်ကျေးရွာအုပ်စုများရှိ ဖွင့်လှစ်သင်ကြား လျက်ရှိသော စာသင်ကျောင်းများ လုံခြုံရေးအခြေအနေများ၊ စာသင်ကြားမှု အခြေအနေ များကို ကြည့်ရှုစစ်ဆေးပြီး တာဝန်ခံဆရာ၊ ဆရာမများနှင့်တွေ့ဆုံကာ လိုအပ်သည်များ ကိုဆောင်ရွက်ပေးနိုင်ရန်ညှိနှိုင်းဆောင်ရွက်ခဲ့ကြသည်။
ရွှေသောင်ယံ