မြို့သစ် ဇွန် ၇
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ဘုရားကြီးရပ်ကွက်အတွင်းရှိ တောင်သူအချို့သည် မိုးမရွာသေးသော်လည်း မိမိတို့လယ်ယာမြေများကို စနစ်တကျထွန်ယက်၍ မြေအောက်ရေကိုအသုံး ပြုကာ သီးနှံမျိုးစုံ စိုက်ပျိုးလုပ်ကိုင်ကြပြီး ယခုအခါတွင် မြေအောက်ရေကိုအသုံးပြုကာ တစ်နှစ်ပတ် လုံးစိုက်ပျိုး၍ရသည့် စမုံနက်နမ်းများကို စိုက်ပျိုးထားရှိရာ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။
စမုံနက် (နမ်းနက်) များကို ဧပြီလ ၂၄ ရက်နေ့မှစတင်စိုက်ပျိုး၍ နှမ်းပင်လေးများဖြစ်လာလျှင် တစ်ဧကခန့်ကျယ်ဝန်းသော နှမ်းခင်းအတွင်းသို့ ပိုက်ထောင်ရေဖျန်းစနစ်ဖြင့် ရေများပက်ဖျန်းကာ စိုက်ပျိုးကြကြောင်း၊ ရေငုတ်တစ်ငုတ်နှင့်တစ်ငုတ်ကြား ၁၂ ပေ၊ ၁၅ ပေ ပတ်လည်တပ်ဆင်ထားရှိ ကြောင်း နှမ်းများသည် စိုက်ပျိုးပြီး ရက် ၁၀၀ ပြည့်လျှင် ရိတ်သိမ်းနိုင်ပြီဖြစ်ကြောင်း နှမ်းစိုက်တောင်သူ ဦးကျော်စိုးထံမှ သိရသည်။
မြင့်မြင့်ထွေး