ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် နိုင်ငံ့ဝန်ထမ်းများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးလျက်ရှိ

ကွန်ဟိန်း ဇွန် ၇

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေးလျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံရသေးသည့် ဝန်ထမ်းများအား ပထမအကြိမ် ထိုးနှံခြင်းကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ အစည်းအဝေးခန်းမတွင် ယနေ့ နံနက်(၁၁:၀၀)နာရီ အချိန်ခန့်က စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ယင်းသို့ ကာကွယ်ဆေးထိုးနှံပေးခြင်းအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဝင်းနိုင်နှင့် တာဝန်ရှိသူများက ကြီးကြပ်၍ စစ်ဗျူဟာအဖွဲ့ (အခြေချ) ကွန်ဟိန်း ဆေးတပ်ဖွဲ့မှ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို စနစ်တကျ ဆောင်ရွက်ပေးခဲ့ကြောင်းနှင့် ယနေ့တွင်(၅၃)ဦး လာရောက်ထိုးနှံခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)