သဲကုန်းမြို့ ဒေသဖွံ့ဖြိုးရေး ဆောင်ရွက်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

သဲကုန်း  ဇွန် 

ပဲခူးတိုင်း‌ဒေသကြီး ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်း‌ဒေသကြီး ဦးစီးမှူး ဦးမျိုးသိန်း၊ ပြည်ခရိုင် ကျေးလက်‌ဒေသဖွံ့ဖြိုး တိုးတက်‌‌ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးဟန်မြင့်ထွန်း၊ မြို့နယ်ကျေးလက်ဦးစီးဌာနမှ မြို့နယ်‌ဦးစီးမှူး ဒေါ်ချစ်ချစ်စိုးနှင့်အဖွဲ့သည် ယမန်နေ့က တိုင်းဒေသကြီး ရန်ပုံငွေဖြင့် မြင့်မိုရ်ထိပ်ထား ကုမ္ပဏီမှ ဆောင်ရွက်သည့် တလိုင်းခုံကျေးရွာ ၄" ၄၀၀' စက်ရေတွင်းတူးဖော်ခြင်းလုပ်ငန်းနှင့် အင်တိုင်းအင်ကျေးရွာ ၄" ၄၀၀' စက်ရေတွင်းတူးဖော်ခြင်း လုပ်ငန်းတို့အား ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ပါသည်။

ဆက်လက်ပြီး အဆိုပါအဖွဲ့သည် လူထုဗဟိုပြုစီမံကိန်းမှ ဆောင်ရွက်သည့် ရွှေလင်ကျေးရွာတွင်းလမ်း ‌မြေသားခင်းခြင်းလုပ်ငန်း (၁၅၆၀' x ၁၂' x ၄') လုပ်ငန်းတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး ကျေးရွာ စီ/ထောက် ကော်မတီဝင်များ/ကျေးရွာရပ်မိရပ်ဖများနှင့် တွေ့ဆုံကာ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ​ဆောင်ရွက်​ကြရ​န်၊ သတ်မှတ်ရက်အတွင်း အချိန်မီပြီးစီး​ရေး​ကြိုးစားဆောင်ရွက်ကြရန်နှင့် ရေရှည် တည်တံ့ခိုင်မြဲစေရေးအတွက် အစဉ်ဝိုင်းဝန်းထိန်းသိမ်း ဆောင်ရွက်ကြရန် မှာကြားခဲ့ကြောင်း သိရှိရသည်။

နိုင်လင်း