ချောက်မြို့နယ်တွင် အစိုးရပါဠိပထမပြန် စာမေးပွဲကျင်းပ

 

 

 

ချောက် ဇွန်  ၇

 

 

မကွေးတိုင်းဒေသကြီး၊ ​ချောက်မြို့သာသနာ့ဗိမ္မာန်​တော်ကြီး​ပေါ်တွင် ၂၀၂၁ခုနှစ်၊ အစိုးရပါဠိ ပထမပြန်စာမေးပွဲကို ယနေ့ နေ့လယ်(၁၂) အချိန်က စတင်ဖြေဆိုလျက်ရှိကြောင်းသိရသည်။

 

 

ချောက်မြို့နယ်၌အစိုးရပါဠိပထမပြန်စာမေးပွဲကို ဇွန်လ (၇) ရက်နေ့မှ (၁၃) ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်ပြီး ဖြေဆိုသည့် ရဟန်းသံဃာ၊သီလရှင် စုစု​ပေါင်း (၄၂) ပါး ဝင်ရောက် ဖြေဆိုကြောင်း သိရသည်။

 

 

အဆိုပါ စာမေးပွဲကို ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေး စည်းကမ်းချက်များနှင့်အညီ စာဖြေသံဃာတော်များအား လက်သန့်ဆေးရည်၊ နှာခေါင်းစည်း(Mask)များ လှူဒါန်းခြင်း၊ စာမေးပွဲကျင်းပနေစဉ်ကာလအတွင်း မြို့နယ်စီမံ အုပ်ချုပ်​ရေးအဖွဲ့ ဥက္ကဋ္ဌဦးစိုးလွင်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးတင်ထွန်းဦးနှင့် ဌာနဆိုင်ရာ တာဝန် ရှိသူများ၊အလှူရှင်တို့မှ ဆွမ်း၊ အချိုရည် များနေ့စဉ်ဆပ်ကပ်လှူဒါန်းပြီး ကျန်းမာရေး ဦးစီးဌာနနှင့် မြန်မာတိုင်းရင်းဆေး ဦးစီးဌာနတို့မှ ယာယီဆေးခန်းများ ဖွင့်လှစ်၍ ကျန်းမာရေး စောင့်ရှောက်မှုများ ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

                      ​

ကျော်မိုး