ပြည်မြို့၌ ၂၀၂၁ခုနှစ် နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပပြုလုပ်

ပြည် ဇွန် ၆

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်မြို့ ယဉ်ကျေးမှုအားကစားရုံ၌ ယမန်နေ့နံနက် ၈ နာရီအချိန်က၂၀၂၁ခုနှစ်နွေရာသီအခြေခံ အားကစားသင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ ပြုလုပ်သည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မင်းသိန်းက သင်တန်ဆင်း အမှာစကားပြောကြားပြီး၊ ၂၀၂၁ခုနှစ်နွေရာသီ အခြေခံ အားကစားသင်တန်းတွင် အရည်အချင်းစစ် ဆုရရှိကြသော ဘောလုံး သင်တန်းသား (၂)ဦး၊ မြန်မာ့သိုင်းသင်တန်းသား (၂)ဦး၊ ကြက်တောင်ရိုက် သင်တန်းသား(၂)ဦး၊ လက်ဝှေ့သင်တန်းသား(၂)ဦး၊ ရိုးရာခြင်းခတ်သင်တန်းသား (၁)ဦးနှင့် ဘတ်စကက်ဘော သင်တန်းသား(၁)ဦးတို့အား တာဝန်ရှိသူများက ဆုများအသီးသီး ပေးအပ်ချီးမြှင့်သည်။

ထို့နောက်သင်တန်းဆင်းလက်မှတ်များကို ပြည်ခရိုင်အားကစားမှူး ဒေါ်မြမြခိုင်က သင်တန်းသားများကိုယ်စား သင်တန်းသားတစ်ဦးထံ ပေးအပ်ချီးမြင့်ပြီး သင်တန်းနည်းပြဆရာများအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ချီးမြင့်ကာ အားကစားဆပ်ကော်မတီများထံ အားကစားပစ္စည်းများ ပေးအပ် ချီးမြင့်ခဲ့သည်။

ဆက်လက်၍ သင်တန်းသား/သူများက မြန်မာ့သိုင်းအားကစားနည်းဖြင့် သရုပ်ပြဖျော်ဖြေခြင်း၊ လက်ဝှေ့အားကစားနည်ဖြင့် သရုပ်ပြဖျော်ဖြေခြင်းများ ပြုလုပ်ပြသခဲ့ကြပြီး အဆိုပါသင်တန်းတွင် အားကစားနည်း(၆)မျိုးအား၂၀ ရက်ကြာ သင်ကြားပေးခဲ့ကြောင်းနှင့် သင်တန်းသား/သူ ၁၀၀ ကျော်တက်ရောက်ခဲ့ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ သိရသည်။

ပြည်ခရိုင်ပြန်၊ဆက်