မိုင်းဆတ် ဇွန် ၇
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့ အခြေခံပညာကျောင်းများ၌ ကျောင်းသား/ကျောင်းသူများ ပညာသင်ကြားနေမှု အခြေအနေအား ယနေ့ နံနက်(၉)နာရီခွဲက တာဝန်ရှိသူများ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့စစ်ဆေးရာတွင် နယ်မြေခံတပ်နယ်မှ ဗိုလ်မှူးကြီးသော်ဇင်ဦး၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဟိန်းကျော်နှင့် တာဝန်ရှိသူများက အ.ထ.က (မိုင်းဆတ်)၊ အ.လ.က(ကျဒယ်)ကျောင်းများသို့ သွားရောက်ကာ ကျောင်းသား၊ ကျောင်းသူများ ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေး လမ်းညွှန်ချက်များနှင့်အညီ အခြေခံပညာကျောင်းများ ဖွင့်လှစ်နေမှု အခြေအနေများနှင့် ကျောင်းသား၊ ကျောင်းသူများ ပညာသင်ကြားနေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
၂၀၂၁-၂၀၂၂ ပညာသင်နှစ် ဇွန်လ(၇)ရက်နေ့ထိ အ.ထ.က(မိုင်းဆတ်)တွင် ကျောင်းအပ်နှံပြီးသူဦးရေ (၆၃၆)ဦးနှင့် အ.လ.က (ကျဒယ်)တွင် ကျောင်းအပ်နှံပြီးသူဦးရေ (၄၀၀)ဦးတို့ တက်ရောက် ပညာသင်ကြားလျက်ရှိကြောင်း သိရသည်။
မြင့်မောင်