ဒေးဒရဲမြို့၌ နိုင်ငံတော်အစိုးရ ပါဠိပထမပြန် စာမေးပွဲကြီး ကျင်းပ

ဒေးဒရဲ  ဇွန်  ၇

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မြို့နယ်သံဃာ့နာယက ဆရာတော်ကြီးများ၏ ဩဝါဒခံယူ၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် နိုင်ငံတော် အစိုးရ ပါဠိပထမပြန် စာမေးပွဲကြီးကို ယနေ့နေ့လည် ၁၂ နာရီက မြို့နယ်သာသနာ့ဗိမာန်တော်ကြီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပါဠိပထမပြန်စာမေးပွဲကို သာသနာတော်ထွန်းကားပြန့်ပွားရေးအတွက် စာမေးပွဲမှတဆင့် သာသနာ့အာဇာနည်များပေါ်ထွက်လာပြီး သာသနာအကျိုးသယ်ပိုးထမ်းရွက် သွားနိုင်စေရန်နှင့် ပါဠိပထမပြန်စာမေးပွဲအား အောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ခြင်းအားဖြင့် ဆရာ၊ ဒကာ စုပေါင်းညီညာမှုအား ပိုမိုရရှိလာပြီး သာသနာတော်အကျိုး ပိုမိုထမ်းရွက်နိုင်စေရန် ရည်ရွယ်၍ ကျင်းပဆောင်ရွက်ခြင်းဖြစ်ပြီး  အဆိုပါ ပါဠိပထမပြန်စာမေးပွဲကို ဇွန်လ ၇ ရက်နေ့မှ ၁၃ ရက်နေ့အထိ နေ့စဉ်မွန်းတည့် ၁၂နာရီမှ ညနေ ၃နာရီထိ ပထမကြီးတန်းတွင်( ၃ )ပါး၊ ပထမလတ်တန်းတွင်( ၇ )ပါး၊ ပထမငယ်တန်းတွင်( ၂၃ )ပါး၊ မူလတန်းတွင်( ၂၆ )ပါး၊ စုစုပေါင်းစာဖြေသံဃာ(   ၅၉  )ပါး ဝင်ရောက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မြင့်မြင့်ခို်င(ပြန်/ဆက်)