ပုံမှန်ကာကွယ်ဆေးထိုးဆေးတိုက်ခြင်းတွံတေး၌ဆောင်ရွက်

တွံတေး ဇွန် ၇

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်တွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ အသက် တစ်နှစ်အောက်ကလေးများနှင့် ကိုယ်ဝန်ဆောင်မိခင်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုး ဆေးတိုက်ခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေးဌာန၌ ဆောင်ရွက်ခဲ့ကြောင်းသိရှိရသည်။

အဆိုပါဆေးထိုး၊ ဆေးတိုက်လုပ်ငန်းတွင် အသဲရောင်အသားဝါ(ဘီ)၊ ပြင်းထန်းအဆုပ်ရောင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောစသည့် (၅)မျိုးစပ်ကာကွယ်ဆေးများ ထိုးနှံပေးခဲ့ပြီး ကြက်ညာ ချောင်းဆိုး ဦးနှောက်အမြှေးရောင်၊ အသည်းရောင်အသားဝါ (ဘီ)ရောဂါများကို ကလေးများအတွက် ကာကွယ်ပေးကြောင်း တာဝန်ရှိသူဆရာမဒေါ်မေမေဦးထံမှသိရှိရသည်။

ဆေးထိုးဆေးတိုက်ခြင်းကိုကလေးငယ်များ၏အသက်အပိုင်းအခြားအလိုက် ဆောင်ရွက်တာဖြစ်ကာ မြို့ပေါ်ရပ်ကွက်များနည်းတူ ကျေးရွာများ၌ပါ လစဉ် ၁ရက်နေ့မှ စတင်ဆောင်ရွက်ပြီး ကိုဗစ်- ၁၉ကာလ လူစုလူဝေးမဖြစ်ပေါ်စေရေး ကျန်းမာရေးဝန်ထမ်းများက တစ်နေ့ကို ကလေး(၅၀)ဦးကိုသာ ကာကွယ်ဆေးထိုး ဆေးတိုက်ဆောင်ရွက်ကြောင်းသိရှိရသည်။

တွံတေးမြို့ပေါ်(၈)ရပ်ကွက်တွင် ကလေးငယ်(၆၀၀)နီးပါး ကာကွယ်ဆေးထိုး၊ ဆေးတိုက် ဆောင်ရွက်ရကြောင်း သိရှိရသည်။

မျိုးလှိုင်