ကျွန်းစုမြို့တွင် မီးဘေးလုံခြုံရေးပညာပေး စာစောင်နှင့် (191) Sticker များ ဖြန့်ဝေ

ကျွန်းစု ဇွန် ၇ တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ် မီးသတ်ဦးစီးဌာန လက်ထောက်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များသည် ယနေ့ နံနက် (၈) နာရီအချိန်က ပြည်သူများ မီးဘေးအန္တရာယ် ရင်ဆိုင်ကြုံတွေ့လာပါက ဆောင်ရွက်ရမည့် လုပ်ငန်းများနှင့် ဆက်သွယ်ရမည့် ဖုန်းနံပါတ်များ ပါဝင်သည့် မီးဘေးလုံခြုံရေးပညာပေး စာစောင်များနှင့် 191 Sticker များကို မြို့မဈေး၊ လမ်းသွားလမ်းလာ ပြည်သူများနှင့် မော်တော်ဆိုင်ကယ် များအား 191 Sticker ကပ်ပေးခြင်းနှင့် အမြန်ရေယာဉ်ပေါ်ရှိ ပြည်သူများအားလည်း ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။ အဆိုပါ မီးဘေးလုံခြုံရေးပညာပေး စာစောင်တွင် မီးသတ်ဦးစီးဌာနသို့ အကူအညီတောင်းခံလိုပါက (191) နံပါတ်(၃)လုံးအား ရိုက်နှိပ်၍ ဖုန်းခေါ်ဆိုနိုင်ကြောင်း၊ တနင်္သာရီတိုင်းဒေသကြီးအတွင်း မီးလောင်မှုအခြေ အနေများ၊ ကားတိုင်းတွင် မီးသတ်ဆေးဘူးများ ဆောင်ထားပါ၊ မီးလောင်ကျွမ်းခြင်း၊ မီးသတ်ဆေးဘူး အသုံးပြုပုံ၊ မီးဖိုအသုံးပြုခြင်း၊ ဘုရားမီး၊ အမွှေတိုင်မီးပူဇော်ခြင်း၊ မိမိနေအိမ်တွင် မီးဘေးအန္တရာယ်ကင်းဝေး စေရန်၊ အထပ်မြင့်တိုက်များ မီးလောင်ခြင်း၊ မီးလောင်မှုဖြစ်၍ မီးခိုးအန္တရာယ်ကြုံတွေ့ရခြင်း၊ ဆေးလိပ် သောက်ခြင်း၊ လျှပ်စစ်ဓာတ်အားသုံးခြင်း၊ ဓာတ်ဆီဖြည့်ခြင်း၊ မိသားစုဝင်အားလုံး အပြင်သွားမည်ဆိုလျှင်၊ မီးဘေးနှင့် သဘာဝဘေးအန္တရာယ် ကြုံတွေ့လျှင် ဆက်သွယ်ရန်လိပ်စာများ ပါဝင်ကြောင်း သိရသည်။ ကျွန်းစု(ပြန်/ဆက်)