အစိုးရ ပါဠိပထမပြန်စာမေးပွဲ ပထမနေ့ကျင်းပ

 

 

သံတွဲ  ဇွန်  ၇

 

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကြီးမှူး၍နှစ်စဉ်ကျင်းပသော ၂၀၂၁ခုနှစ် အစိုးရပါဠိပထမပြန်စာမေးပွဲ ပထမနေ့ကို ယနေ့နံနက်က သံတွဲမြို့ စာစစ်ဌာနတွင် စာဖြေသံဃာစာရင်းသွင်း ၆၉ပါးရှိသည့်အနက် ပထမကြီးတန်း ၂  ပါး ၊ ပထမလတ်တန်း ၃ ပါး ၊ ပထမငယ်တန်း ၁၀ ပါး ၊ အခြေပြုမူလတန်း ၂၈ပါး စုစုပေါင်း ၄၃ပါးဖြေဆိုကြကြောင်း ခရိုင်သာသ နာရေး ဦးစီးဌာန မှ သိရှိရသည်။

 

ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့် နှင့် အဖွဲ့ဝင်များ ၊  မြို့နယ် ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးမောင်သာစိန်နှင့်  အဖွဲ့ဝင်များက အစိုးရပါဠိပထမပြန်စာမေးပွဲ ကြီးကြပ်ဆရာတော်များနှင့်  စာဖြေ သံဃာတော်များကို သွားရောက်ဖူးမျှော်ကြည်ညိုကြပြီး လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်း ခဲ့ကြကြောင်းသိရှိရသည်။

         

အဆိုပါ အစိုးရပါဠိပထမပြန်စာမေးပွဲကို ဇွန်လ ၇ ရက်နေ့မှ ၁၃ ရက်နေ့ထိ ကျင်းပ သွားမည် ဖြစ်ကြောင်း သိရသည်။