မိုင်းလုံ သြဂုတ် ၁၀
ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ မိုင်းလုံမြို့တွင် ပါတီစုံဒီမိုကရေစီ ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မြို့ပေါ်ရပ်ကွက်နှင့်ကျေးရွာများတွင် အသက် (၁၈) နှစ်ပြည့်ပြီး ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများကို ဇူလိုင်လ ၂၅ ရက်နေ့မှစတင်၍ ရပ်ကွက်/ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးများ၌ ပထမအကြိမ် ထုတ်ပြန်ကြေညာလျက်ရှိသည်။
ပြည်သူများအနေဖြင့် မဲစာရင်းတွင် မိမိအမည်မပါဝင်ပါက ပုံစံ (၃) ဖြင့် အမည်ထည့်သွင်းရန် တောင်းဆိုခြင်း၊ မဲစာရင်းတွင် မပါဝင်သင့်သူများ ပါဝင်နေပါက ပုံစံ (၄) ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ (၄-ဂ) ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းတို့ကို ဆောင်ရွက်နိုင်ကြောင်းနှင့် မဲစာရင်းလာရောက်ကြည့်ရှုသူများကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာက ထုတ်ပြန်ထားသည့် ညွှန်ကြားချက်နှင့်အညီဆောင်ရွက်ထားရှိပြီး အဆိုပါမဲစာရင်းကို ဇူလိုင်လ ၂၅ ရက်နေ့မှ သြဂုတ်လ ၁၄ ရက်နေ့အထိ ကြေညာ ထားမည်ဖြစ်ပြီး မဲစာရင်းတွင်ပြင်ဆင်၊ ကန့်ကွက်၊ တောင်းဆိုလွှာများကို အချိန်န်မီပေးပို့ပြီး ဒုတိယအကြိမ် မဲစာရင်းတွင် ပြည့်စုံမှန်ကန်စွာပါဝင်လာစေရန် ဆောင်ရွက်မှုများကို ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင်ရုံးများ မှ ပညာပေး နှိုးဆော်ခြင်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇော်ဇော်(ပြန်/ဆက်)