ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း (C.B.T) အထောက်အကူပြုသင်တန်းဆင်းပွဲ ကျင်းပ

နောင်ချို ဇွန် ၇  

ရပ်ရွာလူထုအခြေပြုခရီးသွားလုပ်ငန်း (Community Based Tourism)  C.B.T  အထောက်အကူပြု သင်တန်းဆင်းပွဲကို ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့နယ် မျက်ချီးနုကျေးရွာအုပ်စု ကျောက်တော(စံပြ) ကျေးရွာ ဘုန်းတော်ကြီးကျောင်း၌ ယမန်နေ့ နေ့လယ်ပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်း C.B.T အထောက်အကူပြု သင်တန်းကို ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန၊ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းညွှန်ကြားမှုဦးစီးဌာန ရှမ်းမြောက် (လားရှိုး) ရုံးခွဲ၊ ကျောက်မဲခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ နောင်ချိုမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန တို့၏ ဦးဆောင်လမ်းညွှန်မှု၊ ကျောက်တော(စံပြ) ကျေးရွာ ရပ်ရွာလူထုအခြေပြု ခရီးသွားလုပ်ငန်းကော်မတီတို့ ပူးပေါင်းကြီးကြပ်၍ ဇွန်လ ၁ ရက်နေ့မှ ဇွန်လ ၅ ရက်နေ့ထိ ဖွင့်လှစ်ခဲ့ကြောင်း၊ သင်တန်းတွင် မန္တလေးမြို့ ဧရာဝတီသင်တန်းဆရာများမှ ဦးဆောင်ပို့ချပေးခဲ့ပြီး ကျေးရွာမှ သင်တန်းသား၊ သင်တန်းသူ (၂၇)ဦး တက်ရောက်ခဲ့ကာ ခရီးသွားလုပ်ငန်းဝန်ဆောင်မှု လုပ်ငန်းများကို သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ထွေးငယ်၊ ပြန်/ဆက်