အမာ သြဂုတ် ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့ မြို့ကုန်းကျေးရွာ အုပ်ချုပ်ရေးမှူးရုံး၌ ယမန်နေ့နံနက် ၁၀ နာရီအချိန်တွင် ကိုဗစ်-၁၉ကာလ စီးပွားရေးထိခိုက်မှု သက်သာရေးစီမံချက်(CERP)အရ ဝက်မွေးမြူရေး သင်တန်း ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။
သင်တန်းဖွင့်လှစ်ရခြင်းမှာ ကိုဗစ်-၁၉ကာလ စီးပွားရေးထိခိုက်မှု သက်သာစေရေး မွေးမြူသူ ပြည်သူများ စနစ်တကျ မွေးမြူပြီး ဝင်ငွေတိုးတက်ရရှိစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်ရရှိစေရန်၊ ကျေးရွာများတွင် တစ်နိုင်တစ်ပိုင် လုပ်ကိုင်သူများ စနစ်တကျမွေးမြူတတ်စေရန်၊ တိရစ္ဆာန်များတွင် ဖြစ်ပွားနိုင်သည့် ကူးစက်ရောဂါများကို ကြိုတင်ကာကွယ်စေရန် ရည်ရွယ်၍ ပညာပေးသင်တန်းကို ဖွင့်လှစ်သင်ကြားရခြင်း ဖြစ်ကြောင်း အမာမြို့ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာန၊ တာဝန်ခံ ဦးသန်းဌေးက ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းကို မြို့ကုန်းကျေးရွာ အုပ်စုအတွင်းရှိ ကျေးရွာများမှ မွေးမြူရေးလုပ်ကိုင်သူများနှင့် စိတ်ပါဝင်စားသူ (၂၀)ဦးတက်ရောက်ပြီး သင်တန်းကို (၃)ရက်ကြာ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။
နော်လေး(အမာ)