နမ့်စန်(တ) ဩဂုတ် ၁၀
ရှမ်းပြည်နယ်တောင်ပိုင်း ၊ နမ့်စန်မြို့နယ်တွင် ဩဂုတ်လ ၉ ရက် ည ၁၀ နာရီ မှ ဩဂုတ်လ ၁၀ ရက် နံနက် ၂ နာရီကျော်အထိ မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး နမ့်လတ်ချောင်းရေမြင့်တက်ခဲ့မှုကြောင့် အမှတ်(၁) ရပ်ကွက် အနိမ့်ပိုင်းရှိ လူနေအိမ်ခြေ (၃၆၀) ခန့် နေအိမ်ခြံဝန်းများအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။
အဆိုပါရေဝင်ရောက်သည့်နေရာများတွင် ဩဂုတ်လ ၁၀ ရက် နံနက် ၇နာရီမှစ၍ လွှတ်တော်ကိုယ်စားလှယ်များ ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညီညီအောင် ၊ မြို့နယ်စည်ပင်သာယာရေးကော်မတီ ဥက္ကဋ္ဌ ဦးလှထွေး ၊ မြို့နယ် မီးသတ် ဦးစီးမှူး ဦးလှိုင်ဝင်းထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များ ၊ အမှတ်(၁) ရပ်ကွက် အုပ်ချုပ်ရေးမှူး ဦးအောင်တင်ဦး နှင့် ရပ်ကွက်နေပြည်သူများက ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဝိုင်းဝန်းဆောင်ရွက်ပေးလျက် ရှိပြီး ရေဝင်ရောက်မှု ကြောင့် လူနှင့် တိရစ္ဆာန်များ ထိခိုက်မှုမရှိကြောင်းသိရသည်။
သူရအောင်(ပြန်/ဆက်)