ပန်းဘဲတန်းမြို့နယ်တွင် မဲရုံဆောင်ရွက်မည့်နေရာများသို့ ကွင်းဆင်းကြည့်ရှု

ပန်းဘဲတန်း ဩဂုတ် ၁၀

ပန်းဘဲတန်းမြို့နယ်တွင် အများပြည်သူများ အလွယ်တကူမဲပေးနိုင်မည့် မြေညီထပ်တွင် မဲရုံများ ဖွင့်လှစ် ဆောင်ရွက်နိုင်ရေး အတွက် မဲရုံဆောင်ရွက်မည့် နေရာများသို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်နှင့် တာဝန်ရှိသူများ ယမန်နေ့ မွန်းလွဲပိုင်းက ကွင်းဆင်း ကြည့်ရှုခဲ့ကြောင်း သိရှိရသည်။

ပန်းဘဲတန်းမြို့နယ်တွင် ၂၀၂၀ ပါတီစုံအထွေထွေရွေးကောက်ပွဲတွင် ပြည်သူများ မဲဆန္ဒပေးရာတွင် အလွယ်တကူမဲပေးနိုင်မည့် မြေညီထပ်များတွင် မဲရုံများဖွင့်လှစ်နိုင် ရေး၊ မဲရုံများဆောင်ရွက်ရာတွင် အခက်အခဲမရှိစေရေးအတွက် မဲရုံဆောင်ရွက်နေရာ များ သို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်ခိုင်နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲဝင်များနှင့် ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ခဲ့ ကြောင်း သိရှိရသည်။

နေခြည်(ပြန်/ဆက်)