ပန်းတနော် သြဂုတ် ၁၀
၂၀၂၀ ပြည့်နှစ်၊ မတ်လတွင် ကျင်းပခဲ့သော တက္ကသိုလ်ဝင်စာမေးပွဲ အောင်စာရင်းများကို သြဂုတ် ၉ ရက် နံနက်ပိုင်းက နိုင်ငံတစ်ဝန်း အွန်းလိုင်းစနစ်ဖြင့် ထုတ်ပြန်ကြေညာခဲ့ရာ ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့နယ်၌ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုအောင်မြင်မှု ၂၄ ဒသမ ၉၉ ရာခိုင်နှုန်း ရှိခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ယခုနှစ် တက္ကသိုလ်၀င်စာမေးပွဲတွင် ပန်းတနော်မြို့နယ်တွင် ဖြေဆိုသူပေါင်း (၃၃၆၁)ဦး ရှိသည့် အနက် (၈၄၀)ဦး အောင်မြင်ခဲ့ရာ အောင်ချက်ရာခိုင်နှုန်း (၂၄ ဒသမ ၉၉) ရာခိုင်နှုန်းရှိသည်။
ဖြေဆိုအောင်မြင်သူများအနက် လေးဘာသာဂုဏ်ထူးရှင် (၃)ဦး၊ သုံးဘာသာဂုဏ်ထူးရှင် (၂၄)ဦး၊ နှစ်ဘာသာ ဂုဏ်ထူးရှင် (၅၃)ဦး၊ တစ်ဘာသာ ဂုဏ်ထူးရှင် (၁၇၇)ဦး ရရှိကြောင်း သိရသည်။
အေးချမ်းအောင်(ပြန်/ဆက်)