မရမ်းကုန်း သြဂုတ် ၁၀
ကျောင်းသား၊ ကျောင်းသူများ ကျောင်းတက်စဉ်ကာလအတွင်း သွေးလွန်တုပ်ကွေးရောဂါအန္တရာယ်မှ ကြိုတင်ကာကွယ်နိုင်ရန် အတွက် ယမန်နေ့ နံနက် ၇ နာရီအချိန်က မရမ်းကုန်းမြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များ၊ စေတနာလုပ်အားရှင်များနှင့် ကျောင်း ကြက်ခြေနီများ ပူးပေါင်းကာ အမှတ်(၄)အခြေခံ ပညာအထက်တန်းကျောင်းရှိ ကျောင်းစာသင်ခန်းများအတွင်း ခြင်ဆေး ဖျန်းပေးခြင်းနှင့် ကျောင်းပတ် ဝန်းကျင်တွင် ခြင်များခိုအောင်း ပေါက်ဖွားမှုမရှိစေရေး ပတ်ဝန်းကျင်သန့်ရှင်းရေး လုပ်ငန်းများအား ကူညီဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
အေးအေးအောင်(ပြန်/ဆက်)