လွိုင်လင်မြို့၌ စတုတ္ထတန်း (Grade-4) သင်ရိုးသစ်နောက်ဆက်တွဲသင်တန်းဖွင့်

လွိုင်လင်        ဩဂုတ်     ၁၀

ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့နယ် ၂၀၂၀-၂၀၂၁ ပညာသင်နှစ်စတုတ္ထတန်း (Grade-4) သင်ရိုးသစ် မြို့နယ်အဆင့် နောက်ဆက်တွဲသင်တန်းဖွင့်ပွဲကို ယနေ့ နံနက် ၈ နာရီခွဲ အချိန်က အမက(၁) ခန်းမတွင် ကျင်းပကြောင်းသိရသည်။

သင်တန်းဖွင့်ပွဲတွင် မြို့နယ်ပညာရေးမှူး ဦးစိုင်းသန်းလူ တက်ရောက်၍ သင်တန်းဖွင့် အမှာစကား ပြောကြား သည်။ ယင်းနောက်  ဒုတိယမြို့နယ်ပညာရေးမှူး ဦးမြင့်သန်းဦး က သင်တန်းဖွင့်လှစ်ရခြင်းကို ပြောကြား ခဲ့ကြောင်း သိရသည်။ အဆိုပါ သင်တန်းကို ယနေ့ မှ ဩဂုတ်လ ၁၅ ရက်နေ့အထိ ဖွင့်လှစ် သင်ကြား ပေးမည်ဖြစ်ပြီး သင်တန်းတွင် မြန်မာစာ ၊ သင်္ချာ ၊ အင်္ဂလိပ်စာ ၊ သိပ္ပံ ၊ ဘဝတွက်တာ ကျွမ်းကျင် စရာ၊ စာရိတ္တနှင့် ပြည်သူ့နီတိ ၊ လူမှုရေး ၊ အနုပညာပန်းချီ ၊ အနုပညာဂီတ ကာယပညာ စသည့် ဘာသာရပ်များ သင်ကြားပေးမည်ဖြစ်သည်။ သင်တန်းသို့ ဆရာ /ဆရာမ (၃၅)ဦး တက်ရောက်ကြကြောင်း သိရသည်။ 

မိုးလွင်ဦး(လွိုင်လင်)