ပိုင်ကျုံ ဇွန် ၇
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေ ရေး ၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေ၊ မြို့သာယာလှပရေးအတွက် လမ်းများနှင့် ရေနုတ်မြောင်းများအား အဆင့်မြှင့်တင် ပေးလျက်ရှိရာ၂၀၂၀-၂၀၂၁ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ်တွင် ငွေလုံးငွေရင်းအသုံးစရိတ် ငွေကျပ်(၁၄.၅၀၀)သန်းဖြင့် ပိုင်ကျုံမြို့၊ အမှတ်(၁)ရပ်ကွက်၊ဒေါနလမ်းတွင် ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ကွန်ကရစ်ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်ရာတွင် အရှည်(၅၅၀)ပေ၊ အကျယ်(၁၂)ပေ ၊ ထု (၆)လက်မ ရှိ လမ်းအား သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးအတွက် ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အငယ်တန်း အင်ဂျင်နီယာ-၂ ဒေါ်သိမ့်သိမ့်မှ ကြီးကြပ်ဆောင်ရွက်လျက်ရှိကြာင်း သိရသည်။
ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို မေလ နောက်ဆုံးအပတ်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ပြီး ယခုအချိန်တွင်(၉၀) ရာခိုင်နှုန်း ပြီးစီးခဲ့ကြောင်း၊ အဆိုပါလမ်းအားပြီးစီးပါက ဒေသနေပြည်သူများ အနေဖြင့် စီးပွားရေး၊ ကျန်းမာရေး၊ ပညာရေး၊ လူမှုရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အဆင် ပြေလွယ်ကူလာမည် ဖြစ်ကြာင်းသိရသည်။
ပိုင်ကျုံ (ပြန်/ဆက်)