လွိုင်လင် ဩဂုတ် ၁၀
ရှမ်းပြည်နယ်(တောင်ပိုင်း)လွိုင်လင်မြို့၌ အမှတ်(၁၁၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံးမှ ရဲအုပ် တင်အောင်မိုးနှင့် တပ်ဖွဲ့ဝင်များသည် ၂၀၂၀ ပြည့်နှစ် ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေး နှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှု ဉပဒေ ဆိုင်ရာ အသိပညာပေးခြင်း ၊ လက်ကမ်းစာစောင်ဖြန့်ဝေပေးခြင်းများကို ယမန်နေ့ နံနက်(၁၀)နာရီက တောင်ကြီး - လွိုင်လင်-နမ့်စန် ပြည်ထောင်စုလမ်းမကြီးနှင့် တောင်ကြီး - လွိုင်လင်-ပင်လုံ လမ်းဆုံများတွင် ဆောင်ရွက် ခဲ့ကြောင်း သိရသည်။
အဆိုပါ ၂၀၂၀ ပြည့်နှစ် ၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ်စီမံခန့်ခွဲမှုဉပဒေတွင် မော်တော် ဆိုင်ကယ်စီးနင်းသူများသည် ရှေ့မီးကို အောက်သို့ချ၍ နေ့ညမပြတ် ဖွင့်ရန် ၊ ဆိုင်ကယ်စီးဦးထုတ်များကို မေးသိုင်း ကြိုးစနစ်တကျတပ်ဆင်ကြရန် ၊ နှစ်ဦးထက်ပိုမစီးရန် ၊ ယာဉ်နံပါတ်ပြားနှင့် ယာဉ်မောင်းလိုင်စင် ပါရှိရန် ၊ မော်တော်ယာဉ်မောင်းသူများသည် ထိုင်ခုံခါးပတ် ပတ်ရန် ၊ ယာဉ်မောင်းနေစဉ်အတွင်း ဖုန်းမပြောရန် စသည် တို့ပါရှိကြောင်းနှင့် သတ်မှတ်စည်းကမ်းချက်များကို ဖောက်ဖျက်ပါက ဉပဒေအရအရေးယူခံရမည့် ပြစ်ဒဏ်များ ပါရှိကြောင်း လွိုင်လင်မြို့ အမှတ်(၁၁၉)ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးရုံး မှ ရဲအုပ်တင်အောင်မိုး က ရှင်းလင်း ပြောကြား ခဲ့ကြောင်း သိရသည်။
မိုးလွင်ဦး(လွိုင်လင်)