လွိုင်လင် ဩဂုတ် ၁၀
အလုပ်သမား လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန လွိုင်လင်မြို့နယ်ရုံးမှ မြို့နယ်ဦးစီးမှူး ဦးမြဝင်း နှင့် ဝန်ထမ်းများက ယနေ့နံနက်ပိုင်းတွင် လွိုင်လင်မြို့ အမှတ်(၂)ရပ်ကွက်တွင် သစ္စာစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အဆိုပါ အမှတ်(၂)ရပ်ကွက်အတွင်းရှိ အသက်(၁၈)နှစ်ပြည့်ပြီး နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိစေရန် ကွင်းဆောင်ရွက်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူးထံမှ သိရသည်။ ယင်းကဲ့သို့ ကွင်းဆင်းဆောင်ရွက်ပေးနေမှုများကို ခရိုင်ရုံးမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးနေမျိုးလှိုင် မှ ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မိုးလွင်ဦး(လွိုင်လင်)