လမ်းမတော် ဩဂုတ် ၁၀
လမ်းမတော်မြို့နယ် UMFCCI တွင် ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက် မှုများအပေါ် ပြန်လည် ကုစားနိုင်ရန် နိုင်ငံတော်အစိုးရ၏ ဒုတိယအကြိမ်မြောက် ကိုဗစ်-၁၉ ချေးငွေ လျှောက်လွှာစိစစ်ရေးနှင့်စပ်လျဉ်း၍ ယမန်နေ့ မွန်းလွဲပိုင်းတွင် ညီနောင်အသင်း ကိုယ်စားလှယ်များနှင့် တွေ့ဆုံဆွေးနွေးခဲ့ ကြသည်။
အစည်းအဝေးတွင် ချေးငွေလျှောက်ထားခွင့်ရှိသည့် ဦးစားပေးကဏ္ဍများတွင် ပါဝင်သည့်လုပ်ငန်းများ၊ လျှောက်လွှာစိစစ်ရေး တွင် အချက်အလက်များ ပြည့်စုံမှုရှိ/မရှိ ကို ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းစိစစ်ခြင်း၊ လျှောက်လွှာပဏာမ စိစစ်ရေး တွင် ညီနောင်အသင်းအဖွဲ့ ကိုယ်စားလှယ်များမှလည်း မိမိတို့၏ သက်ဆိုင်ရာ ကဏ္ဍအလိုက် ပူးပေါင်းပါဝင်စိစစ်ပေးခြင်းတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြသည်။ တက်ရောက်လာသည့် ညီနောင်အသင်းများမှလည်း ချေးငွေဆိုင်ရာ အချက် အလက်များ အပေါ် တွင် အကြံပြုဆွေးနွေးခဲ့ကြသည်။
အသင်းချုပ်ဥက္ကဌ ဦးဇော်မင်းဝင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း၊ တွဲဖက်အထွေထွေ အတွင်းရေးမှူး ဦးအေးထွန်း နှင့် ညီနောင်အသင်းအဖွဲ့များမှ တာဝန်ရှိသူများ၊ ဆန်စပါးအသင်းချုပ်၊ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်း၊ စက်မှုကုန် ထုတ်လုပ်သူ များအသင်း၊ ငါးလုပ်ငန်းအဖွဲ့ချုပ်၊ ပျော့ဖတ်နှင့် စက္ကူလုပ်ငန်း အသင်း၊ စားသောက်ကုန်ထုတ်လုပ် တင်ပို့ ရောင်းချသူများအသင်း၊ ရေထွက် ပစ္စည်းထုတ်လုပ်သူများနှင့် ပို့ကုန်လုပ်ငန်းရှင်များအသင်း၊ ဆီစက်လုပ်ငန်းရှင်များ အသင်း၊ ပင်လယ်ကူး သင်္ဘောသား ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း၊ မွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်၊ အပြည်ပြည်ဆိုင်ရာ ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းရှင်များ အသင်း၊ သစ်သီးဝလံ၊ ပန်းမန်နှင့် ဟင်းသီးဟင်းရွက် စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချ သူများအသင်း၊ အဝေးပြေးကုန်စည်ပို့ဆောင်ရေး ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း၊ ကုန်သေတ္တာတင် မော်တော်ယာဉ်များ အသင်း၊ ကြိမ်နှင့်ဝါး လုပ်ငန်းရှင်များအသင်း၊ ဆီကုန် သည်များနှင့် ဆီလုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြကြောင်း သတင်းရရှိ သည်။
ကျော်ဆန်းမြင့်