လမ်းမတော်မြို့နယ် UMFCCI တွင် ကိုဗစ်-၁၉ ချေးငွေလျှောက်လွှာ လက်ခံခြင်းနှင့်စပ်လျဉ်း၍ ဆွေးနွေး

လမ်းမတော် ဩဂုတ်  ၁၀

လမ်းမတော်မြို့နယ်  UMFCCI  တွင်  ပြည်နယ်တိုင်း စက်မှုအသင်းများတွင် ကိုဗစ်-၁၉ ချေးငွေလျှောက် လွှာလက်ခံခြင်းနှင့် စပ်လျဉ်း၍ ယမန်နေ့ မွန်းလွဲပိုင်းတွင် အွန်လိုင်းမှ တစ်ဆင့် ဆွေးနွေးခဲ့ကြသည်။

အသင်းချုပ် အထွေထွေအတွင်းရေးမှူးချုပ်  ဦးအေးဝင်းမှ ပြည်နယ်နှင့်တိုင်း ကုန်သည်စက်မှုအသင်း များအနေဖြင့် ချေးငွေ လျှောက်လွှာ လက်ခံရာတွင် အဆင်မပြေမှု များ၊ အခက်အခဲများ ဖြစ်ပေါ်ပါက အလျင်မြန်ဆုံး အသိပေးစေလိုကြောင်း၊ ဦးစားပေး ကဏ္ဍတွင် ပါဝင်သည့် လုပ်ငန်းများ မရှင်းလင်းပါက မေးမြန်းစေလိုကြောင်း၊ လျှောက်လွှာပိတ်ရက် နီးကပ်လာပြီ ဖြစ်သည့်အတွက် လိုအပ်ချက်များ ပြောကြားစေလိုကြောင်းကို ဆွေးနွေးခဲ့သည်။

တက်ရောက်လာသည့် ပြည်နယ်/တိုင်း ကုန်သည်စက်မှုအသင်းများမှလည်း လက်ရှိကြုံတွေ့နေရသည့် ချေးငွေလျှောက်လွှာ လက်ခံရာ၌ ဦးစားပေးလုပ်ငန်းကဏ္ဍတွင် ပါဝင်သော်လည်း မရှင်းလင်းသည့် လုပ်ငန်းများ၊ လျှောက်လွှာတင်ရန် အချက်အလက် များမှာ ရက်နီးကပ်နေသည့်အတွက် မရရှိနိုင်သည့်အတွက် တစ်ချို့လုပ်ငန်းရှင် များအတွက် အဆင်မပြေမှုများရှိကြောင်းကို ဆွေးနွေးခဲ့ကြသည်။  အသင်းချုပ်မှလည်း ပြည်နယ်/တိုင်း ကုန်သည်စက်မှုအသင်းများအား လိုအပ်ချက်များကို ဖြည့်စွက်ပြောကြား၍ အကြံပြု ဆွေးနွေးခဲ့သည်။

အသင်းချုပ်ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ အထွေထွေအတွင်းရေးမှူးချုပ် ဦးအေးဝင်း၊ တွဲဖက်အထွေထွေ အတွင်းရေးမှူးများ၊ ကယား၊ ချင်း၊ မွန်၊ ရှမ်းတောင်၊ မကွေး၊ ပဲခူး၊ တနင်္သာရီ၊ ဧရာဝတီ၊ စစ်ကိုင်း၊ မကွေး  ကုန်သည်စက်မှုအသင်းများမှ ဥက္ကဋ္ဌနှင့်  တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သတင်းရရှိသည်။

ကျော်ဆန်းမြင့်