မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့၊ ပညာရေးမှူးရုံးလမ်းကို ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီးအစိုးရ၏ အထွေထွေပိုလျှံ ရန်ပုံငွေဖြင့် ကွန်ကရစ်လမ်းခင်းခြင်းဆောင်ရွက်

ဆိပ်ဖြူ     သြဂုတ်   ၁၀

မကွေးတိုင်းဒေသကြီး၊ ဆိပ်ဖြူမြို့နယ်၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့က ကြီးကြပ်ပြီး ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်၊ တိုင်းဒေသ ကြီးအစိုးရ၏ အထွေထွေပိုလျှံရန်ပုံငွေဖြင့် ပညာရေးမှူးရုံးလမ်းကွန်ကရစ်လမ်း ခင်းခြင်းလုပ်ငန်းကို ယမန်နေ့ ညနေ ၄ နာရီက လိုက်လံကြီးကြပ်စစ်ဆေးဆောင်ရွက်သည်။

အဆိုပါ ပညာရေးမှူးရုံးလမ်းသည် မြို့နယ်စည်ပင်သာယာနယ်နိမိတ်အတွင်း အရှည် (၃၅၅) ပေရှိပြီး အကျယ် (၁၄) ပေ၊ ထု (၈)လက်မ (အထူ)ရှိ ကွန်ကရစ်လမ်းကို တိုင်းဒေသကြီးအစိုးရ၏ အထွေထွေပိုလျှံ ရန်ပုံငွေ (၈၈)သိန်းဖြင့် အများပြည်သူများ ရာသီမရွေး၊ အချိန်အခါမရွေး အန္တရာယ်ကင်းရှင်းစွာ သွားလာနိုင် ရေးနှင့် အရည် အသွေး ကောင်းမွန်ပြီး၊ စံချိန် စံညွှန်းမီပြီး ရေရှည်အသုံးပြုသွားလာနိုင်ရေးအတွက် မြို့နယ် စည်ပင်သာယာရေးအဖွဲ့ လုပ်ငန်းခွင်အင်ဂျင်နီ ယာ ဦးသက်နိုင်ထွန်း (အငယ်တန်းအင်ဂျင်နီယာ-၂) နှင့် ကော်မတီအဖွဲ့ဝင်တို့မှ အနီးကပ် ကြီးကြပ်တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။

အဆိုပါလမ်းခင်းနေမှုကိုတိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သက်မွန်အေး၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးပိုင်၊ မြို့နယ်အမှုဆောင်အရာရှိ ဦးမင်းစည်သူ ၊  မြို့နယ်စည်ပင်သာယာရေးကော်မ တီဝင်များက ကွင်းဆင်း ကြီးကြပ် စစ်ဆေးကြောင်း သိရသည်။

ကိုမျိုး(ယောဧရာ)