သန်လျင်မြို့နယ် သတင်းစာဆရာအသင်း ဝါဆိုသင်္ကန်းကပ်လှူဒါန်း

ရန်ကုန် ဩဂုတ် ၁၀           

မြန်မာနိုင်ငံ သတင်းစာဆရာအသင်း (သန်လျင်မြို့နယ်)၏ ဒုတိယအကြိမ် ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းပွဲကို ယမန်နေ့ နံနက် ၁၀ နာရီတွင် သန်လျင်မြို့ ဗိုလ်ချုပ်ရွာ ဓမ္မာရုံကျောင်းတိုက်၌ ကျင်းပသည်။

ရှေးဦးစွာ ကျောင်းတိုက်ပဓာနနာယက ဆရာတော်ဘဒ္ဒန္တဇဝနထံမှ သီလခံယူဆောက်တည်ကြပြီး သန်လျင်မြို့နယ် သတင်းစာ ဆရာ အသင်းနာယကများ၊ အသင်းဥက္ကဋ္ဌ ဦးကျော်ဝင်းနှင့် အဖွဲ့ဝင်များက ဆရာတော်ကြီးများအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။ ထို့နောက် လှူဒါန်းမှုအစုစုအတွက် ဆရာတော်ထံမှ အနုမောဒနာ ရေစက်ချ တရားနားယူကြပြီး နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြောင်း သိရသည်။

သန်းဝင်း(သန်လျင်)