မန့်ဟီးရိုး မတ် ၂၇
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မန့်ဟီးရိုးမြို့အတွင်းရှိ အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွား(၁၅)ဦးအား ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ် ဒုတိယ(၃)လအတွက် လူမှုရေးပင်စင် ထောက်ပံ့ကြေးများကို အိမ်တိုင်ရာရောက်လိုက်လံ ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။
မန့်ဟီးရိုးမြို့အတွင်း လူမှုရေးပင်စင်ခံစားနေသည့် အသက်(၈၅)နှစ်နှင့်အထက် အဘိုးအဘွား(၁၅)ဦးရှိပြီး တစ်ဦးလျှင် ငွေကျပ်(၃၀၀၀၀/-)နှုန်းဖြင့် စုစုပေါင်း ငွေကျပ်(၄၅၀၀၀၀/-)အား တစ်နှစ်လျှင် (၃)ကြိမ်ထောက်ပံ့ပေးအပ်ခြင်းကို သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ တာဝန်ကျစာရေးများမှတစ်ဆင့် ပေးအပ်ဆောင်ရွက်လျက်ရှိသည်။
ဒုတိယ(၃)လပတ်အတွက် လူမှုရေးပင်စင်ထောက်ပံ့ပေးအပ်ခြင်းကို မန့်ဟီးရိုးမြို့ရှိဌာနဆိုင်ရာများ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ကျစာရေး များသည် သက်ကြီးဘိုးဘွားများထံသို့ အိမ်တိုင်ရာရောက် လူမှုရေးပင်စင်များကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
စန္ဒာ(ပြန်/ဆက်)